မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ www.zaw357.net ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


10 March 2010

2 “ အရက်သမား ” လို့ ဘာလို့ ခေါ်တာလဲ






တော်တော်တော့ ကြာခဲ့ပါပြီလေ.။ အဲဒီနေ့က ကျွန်တော်နဲ့ ကိုမိုးကြီး ဆိုင်မှာ အရက်သောက်နေကြပါတယ်.။ အရင်က ကျွန်တော် အရက်သောက်ပါတယ်.။ ကျွန်တော် အရက်သောက်တယ် ဆိုတာကလည်း သူများတွေလို အကြောင်းပြချက်တွေနဲ့ မသောက်ပါဘူး.။ အသဲကွဲလို့ ၊ စိတ်ညစ်လို့ ၊ အဆင်မပြေလို့ ၊ ပျော်လို့ ၊ ဝမ်းသာလို့ ဘာညာပေါ့လေ.။

ဒီလို အကြောင်းပြချက်တွေနဲ့ ကျွန်တော် အရက် မသောက်ပါ.။ ကျွန်တော် အရက်သောက်တာ တစ်ခုပါပဲ.။ အရက်ကို ကျွန်တော် ကြိုက်လို့ သောက်တာပါ.။ ကျန်တာ ဘာမှ မရှိပါ.။ ဒါကြောင့် ကျွန်တော် အရက် မသောက်တော့ဘူး ဆိုတော့လည်း ကျွန်တော် တစ်စက်မှကို မသောက်ဖြစ်တော့တာပါ.။


အဲဒီနေ့က ကျွန်တော်တို့ အရက်သောက်နေသော ဘေးဝိုင်းကို စိုးသက် ဆိုသော ကောင်လေး တစ်ယောက်တည်း ရောက်လာပါတယ်.။ ဘောလုံးစကားနဲ့ ပြောရရင်တော့ “ လူငယ်ခြေတတ်လေး ” ပေါ့လေ.။ ဒါပေမဲ့ သူက လေ့ကျင့်ခန်းတွေ ဆင်းနေတာတွေ အရမ်းများနေတယ်.။ ဒါနဲ့ ကျွန်တော်နဲ့ အတူတူသောက်နေတဲ့ ကိုမိုးကြီးက သူ့ကို ခေါ်လိုက်ပြီး ....

“ စိုးသက်..။ ဒီမှာ ငါ့ညီ မင်း အရက်သောက်တာတော့ သောက်တာပေါ့ကွာ..။ အရက်သမား ဆိုတာ ဘာလဲ သိလား..။ ”

စိုးသက်က သူ့ကကို နောက်တယ် မှတ်လို့ ပြောင်စပ်စပ် မျက်နှာပေးနဲ့...

“ ကိုမိုးကြီးကလည်း အရက်သမား ဆိုတာ အရက်သောက်သူကို ပြောတာပေါ့ဗျာ..။ ”

ကိုမိုးကြီး ခေါင်းခါလိုက်ရင်း....

“ မဟုတ်သေးဘူး ညီ.။ မှတ်ထား.။ သမားဆိုတာ ဆရာကို ပြောတာကွ.။ ဒါကြောင့် ဥပမာ - သမားတော် ဆိုတာ ဆေးကုတဲ့ နေရာမှာ ဆရာလေကွာ ဆေးဆရာကို ပြောတာ ..။ ဒီလိုပဲ ဆိုက်ကားသမား ဆိုတာ ဆိုက်ကားကို သေချာ ထိန်းကျောင်းနိုင်သောလူကို ဆိုက်ကားဆရာ. ၊ မြင်းလှည်းသမား ဆိုတာ မြင်းလှည်းကို သေချာ ထိန်းကျောင်းမောင်းနှင်နိုင်သောလူကို မြင်းလှည်းဆရာ ၊ ကားသမား ဆိုတာ ကားကို သေချာထိန်းကျောင်းမောင်းနှင်နိုင်သောလူကို ကားဆရာ ဒီလို.. ဒီလိုတွေ အများကြီးပဲ ရှိတယ်.။

လူတွေ ပြောပြောနေတဲ့ အရက်သမား ဆိုတာလည်း “ အရက်ဆရာ ” ကို ပြောတာပဲကွ.။ အရက်သောက်တဲ့ နေရာမှာ ဆရာတောင်မှ ကျအောင် သောက်နိုင်နေလို့လေ ။


ကိုယ်က အရက်ကို နိုင်နေပစေကွ..။ အရက်က ကိုယ့်ကို မနိုင်စေနဲ့ .။ အရက်ကို ကိုယ်က နိုင်နေတယ် ဆိုတဲ့ အချိန်မှာတော့ အရက်သောက်သူ ပဲ ရှိနေသေးတယ်.။ အဲ ..အရက်က ကိုယ့်ကို နိုင်သွားရင်တော့ အရက်သမား ဆိုပြီး ဖြစ်လာတာပဲ ။ ဒါကြောင့် အရက်တော့ သောက်ပေါ့ကွာ “ သမား ” တော့ မဖြစ်စေနဲ့..။ ”


ဘာရယ်မဟုတ်ပါဘူးဗျာ.။ “ အရက်သမား ” ဆိုတာနဲ့ “ အရက်သောက်သူ ” ကွဲပြားစေဖို့ အတွက်လေးပါပဲ.။


ကိုဇော် ခံစားပုံဖော်သည်။


http://zaw357.multiply.com/journal/item/702 မှာ 20.10.2009 က ရေးထားတာပါ။

.
Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

ချော(အစိမ်းရောင်လွင်ပြင်) said...

အော်
ကိုယ်အရက်သောက်တဲ့နည်းတွေ
ခုလို လူတွေသိအောင် ချပြတော့လဲ
ဖတ်ရသေးတာပေါ့လေ...
ဟဲဟဲ.. ကျေးဇူး...

Anonymous said...

ကျတော်လဲ...အရက်သောက်ပါတယ်...ညီကိုပြော
သလို....အရက်သမားတော့မဖြစ်ချင်ဘူး

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.