မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ www.zaw357.net ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


20 April 2010

0 နုပျိုမှုကို ဖမ်းဆုပ်ပါ




* ကိုယ့်စိတ်ကို တခါးပိတ်ကာ သောခတ်ထားလိုက်မယ် ဆိုရင် စိတ်တွေဟာ မွန်းကြပ်လာပြီး ထိုအချိန်က စပြီး အိုမင်းလာပါလိမ့်မည်။
* ငါဟာ နောက်ထပ် ဘာမှ သင်ယူလို့ မဖြစ်ဘူး ၊ အသက်ကြီးသွားပြီ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်တဲ့ ထိုအချိန်က စပြီး အိုမင်းလာပါလိမ့်မည်။
* ဘဝမှာ ထိပ်ဆုံးကို ရောက်နေပြီလို့ တွေးမိပြီး စိတ်ကူးတွေ ၊ အိပ်မက်တွေကို ရပ်လိုက်မယ် ဆိုရင် ထိုအချိန်က စပြီး အိုမင်းလာပါလိမ့်မည်။
 * ဝေးလံခေါင်ဖျားလှတဲ့ နေရာဒေသတွေကို သွားရောက်ဖို့ ၊ မြင့်မားတဲ့ နေရာတွေကို မြင့်ရဖို့ မဖြစ်နိုင်တော့ဘူးလို့ တွေးနေမိပြီ ဆိုရင် ထိုအချိန်က စပြီး အိုမင်းလာပါလိမ့်မည်။

ဒီလို ဆိုရင်တော့ အိုမင်းခြင်း ဆိုသော ယန္တရားတွေရဲ့ တွင်းဆုံးထဲကို သင်ရောက်သွားပါလိမ့်မယ်။ ထိုအခါ တစ်နေ့ထက် တစ်နေ့ ပိုပြီး အိုမင်းလာပါလိမ့်မယ်။

လူဆိုတာ စိတ်ကူးဟောင်း ၊ အတွေးဟောင်း ၊ အိပ်မက်ဟောင်းတွေထဲမှာပဲ နစ်မြှုပ်နေပြီး နောက်ထပ် အသစ်တွေ မွေးဖွားမလာဘူး ဆိုရင် နုပျိုလန်းဆန်းမှုတွေက ငှက်တစ်ကောင်လို အဝေးကို ပျံသွားလိမ့်မယ်။ ကုန်လွန်နေခဲ့တဲ့ အချိန်တွေ ၊ အဖြစ်အပျက်တွေ ၊ အကြောင်းအရာတွေကို ပြန်ပြီး တောင့်တာ ရေတွက်နေမယ် ဆိုရင် မကြာခင်မှာ တကယ်ကို အိုမင်းလာပါလိမ့်မည်။

သို့သော် အဖြစ်အပျက်တွေက နိုးထလာတဲ့ အချိန်မှာ အရာရာကို တောက်ပသော အမြင်မျိုးနဲ့ ကြည့်တတ်မယ် ဆိုရင် လန်းဆန်း သစ်လွင်တဲ့ ကမ္ဘာ လောကကြီးကို မြင်တွေ့ရပါလိမ့်မယ်။ ဖြစ်ခဲ့တဲ့ အကြောင်းများ ၊ ပျက်ဆီးခဲ့တဲ့ အိပ်မက်များ နှင့် ကုန်ခဲ့တဲ့ အချိန်တွေထဲက ယူတတ်ရင် ဘဝ သင်ခန်းစာများနှင့် ပြန်လည် ပြောဆို ဖြစ်တဲ့ ပျော်စရာလေးတွေလည်း တွေ့ရမှာပါ။ ကုန်ဆုံးခဲ့တာတွေကို ချန်ထားခဲ့ပြီး နောင်မှာ ဖြစ်လာမဲ့ နောက်ထပ် အရာတွေကို ရင်ဆိုင်နိုင်ရင် ဘဝမှာ မကုန်ဆုံးနိုင်သော အံ့သြဖွယ်ရာတွေကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ နှလုံးသား နဲ့ စိတ်ဓါတ်တွေက နုပျိုမှုနဲ့ ထာဝစဉ် လန်းဆန် တတ်ကြွနေပါလိမ့်မယ်။

source; Keeping Young By Patience Strong
ကိုဇော် တင်ပြသည်။
20.4.2010 - 1.45 AM

.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်:

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.