မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ www.zaw357.net ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


16 May 2012

5 အလွမ်းနေ့ရက်



ဝေးကွာမှု ဆိုတာ ဝန်ထုပ်ဝန်ပိုး တစ်ခုနဲ့ တူသတဲ့။
တစ်ယောက်တည်း ကျန်ခဲ့ရသူကလည်း အားငယ်နေမယ် ဆိုသလို . . .
ထွက်သွားရမယ့် သူကလည်း တစ်ယောက်တည်း အားငယ် သွားရမှာပါပဲ။
ဒါပေမဲ့လည်း . . . . .
အခြေအနေ တစ်ခု အရ မဖြစ်မနေ ခဏတာတော့ ခွဲခွာပြီးတော့ ထွက်ခွာ သွားရဦးမှာပါပဲ။

ကိုဇော် ( 16-May-2012 )


Share/Bookmark

26 April 2012

0 အချိုမှုန့် စကား



" အချိုမှုန့် စကား "

သူများ ရေးတဲ့ စာလေးတွေ ဟိုဖတ် ဒီဖတ် ဖတ်ပြီးတော့ သူငယ်ချင်း တစ်ယောက်ကို ကျနော်က ဆရာကြီး လိုလိုနဲ့ ပြောဖူးတယ်။

((( မင်း သိလား . . . အချို့မှုန့်ကို ထုတ်လုပ်တဲ့ နိုင်ငံတွေကတောင်မှ မစားကြဘူးကွ။ အဲဒါ ဘာကြောင့် ဆိုတာကို သဘောပေါက်ဖို့ သင့်ပြီ။ )))

လို့ . . . ဒီတော့ သူက အေးဆေးပဲ ပြန်မေးပါတယ်။

((( ဘာကြောင့်တဲ့လဲ။ ))))

((( အန္တရာယ် ရှိလို့ . . . ဘေးထွက် ဆိုးကျိုးတွေ ရှိနေလို့ပေါ့ကွ။ သူများ နိုင်ငံက ထုတ်ပြီးတော့ ငါတို့နိုင်ငံကပဲ စားနေတာ။ ထင်တာ မမှားဘူးဆိုရင် ကမ္ဘာပေါ်မှာ အချိုမှုန့်စားသုံးတဲ့ နိုင်ငံဆိုတာ ငါတို့ နိုင်ငံပဲ ရှိလိမ့်မယ် ထင်တယ်။ )))

((( ဒီတော့ . . . . )))

((( ဒီတော့ ဒါပဲပေါ့ကွ။ သူတို့နိုင်ငံတွေမှာတောင်မှ မသုံးတာလေ။ ငါတို့ နိုင်ငံတွေကလည်း အချိုမှုန့်ကို မစားဘဲ ရှောင်သင့်ပြီပေါ့။ )))

((( အဲဒီလို လုပ်ဖို့ မင်းကို ဘယ်သူက ပြောလဲ။ )))

((( အင်း . . . အဲ . . . ဒီလိုပဲ ကျန်းမာရေး စာပေတွေထဲမှာ ဖတ်ဖူးတာလေ။ )))

((( သြော် . . . ဟုတ်မှာပေါ့။ ဒါပေမဲ့ သူများနိုင်ငံတွေ အသုံးနည်းတာနဲ့ ဒါကို မကောင်းဘူး လို့ ပြောပြီးတော့ ငါတို့ နိုင်ငံက ဘာလို့ သုံးနေကြတယ် ဆိုတာကိုရော တွေးမိရဲ့လား။ )))

((( အင်း . . မတွေးမိဘူး . . . ငါတို့ နိုင်ငံက လူတွေ အန္တရာယ် ရှိပါတယ် ဆိုတဲ့ အချိုမှုန့်ကို ဘာလို့ သုံးနေကြတာလဲ။ )))

((( ဟုတ်တယ် . . . ဒါက အဖြေပဲ။ ဘာလို့ သုံးနေကြရလဲ ဆိုတော့ ရှင်းပါတယ်ကွာ။ ဒီလောက် ရှင်းနေတာကို . . . )))

((( ပြောစမ်းပါဦး. . .)))

((( ဘာလို့ သုံးနေကြလဲ ဆိုတော့ ဆင်းရဲ လို့ပေါ့ကွာ။ )))

((( အမ် . . . မင်း အဖြေကြီး ကလဲကွာ။ )))

((( ဟုတ်တယ်. . . ဆင်းရဲလို့ ဆိုတဲ့ အထဲမှာ နှစ်မျိုး ရှိတယ်လေ။ ပိုက်ဆံ ဆင်းရဲတာနဲ့ အသိပညာ ဆင်းရဲတာ . . .  အခုက နှစ်ခုလုံး ဖြစ်နေတာကြောင့်ပဲ။ )))

((( အင်း . . . )))

((( တကယ်လို့ အသိပညာ ကြွယ်ဝလာပြီ ဆိုရင် အရင်ထက်တော့ ရှောင်နိုင်ပြီ။ ဒါပေမဲ့လည်း ပိုက်ဆံ ဆင်းရဲနေရင်တော့လည်း ဝယ်သုံးဖြစ်နေဦးမှာပဲ။ ခရုဆီ သုံးဇွန်းထည့်မှ ဟင်းချိုမှာကို အချိုမှုန့် တစ်ဇွန်းထဲနဲ့ အဆင်ပြေနေရင်တော့ လူတွေ သုံးနေကြဦးမှာပဲ။ ပြီးတော့ အချိုမှုန့် တစ်ဇွန်း တန်ဖိုးနဲ့ ခရုဆီ သုံးဇွန်း တန်ဖိုး ဆိုတာကလည်း ကွာတယ်လေ။ ))))

((( အင်းးးးးးးးးးးးးးးးးးးးး )))

((( တကယ်လို့ သူ့တို့မှာ အသိပညာ ဆင်းရဲနေပေမဲ့ ပိုက်ဆံ ချမ်းသာနေပြန်ရင်လည်း သူတို့ကတော့ ဘာမှ မသိဘူး။ ဒါပေမဲ့ ပိုက်ဆံ ချမ်းသာတဲ့ အတွက်ကြောင့်မို့ အကောင်းဆုံး ဆိုတာတွေကို ဝယ်စားနိုင်တဲ့ အတွက် အကောင်းဆုံး ဆိုတဲ့ ပိုက်ဆံ တတ်နိုင်မှ လာဝယ်သုံးကြတဲ့ လူတွေ အတွက် ဖွင့်ထားတဲ့ ဆိုင်တွေကလည်း အချိုမှုန့်ကို ရှောင်ပြီးသား ဖြစ်နေတော့ သူတို့မှာ အသိပညာ နည်းပေမဲ့ ပိုက်ဆံ ချမ်းသာတဲ့ အတွက်ကြောင့် အလိုလို ရှောင်ပြီးသား ဖြစ်သွားခဲ့ပြီ။ )))

((( အင်း . . . )))

((( အဲဒါကြောင့် ငါ ပြောတာ. . . ငါတို့ နိုင်ငံမှာ အချိုမှုန့် ဆန့်ကျင့်ရေးတွေ သိပ်အော် မနေပါနဲ့ကွာ။ အဓိက က အချိုမှုန့်ကို ဆန့်ကျင်ဖို့ မဟုတ်ဘူး။ အဓိက က လူတွေကို ဆင်းရဲနေတဲ့ တွင်းထဲကနေ မြှင့်တင်ပေးဖို့နဲ့ အသိပညာ နဲ့ ပိုက်ဆံပါ ကြွယ်ဝ ချမ်းသာအောင် လုပ်ပေးဖို့က အဓိက မဟုတ်လား။ )))

((( အင်း . . . ဟုတ်ပါတယ်။ )))

သူနဲ့လည်း စကားပြောပြီးရော . . . ကျနော့် စိတ်ထဲမှာ မီးလုံးလေး တစ်လုံး ပွင့်လာသလို ခံစားရတယ်။ ကျနော်တို့ရော စားသောက်ဆိုင် တစ်ဆိုင်မှာ သွားထိုင်စားတော့ အမျိုးအစား တူ ဟင်းတစ်မျိုးထဲကို ဈေးနှုန်းကွာနေလို့  ဘာကြောင့်လဲလို့ မေးမိရင် ဒါက ခရုဆီနဲ့ ချက်တာပါ ဆိုတဲ့ ဟင်းပွဲကို ကျနော်တို့ ဈေးနှုန်းကြီးကြီး ပေးပြီးတော့ စားမိရဲ့လားလို့ ပြန်တွေးမိပါတယ်။

အင်း . . . တကယ်တော့ အချိုမှုန့်က အဓိက မဟုတ်ပါဘူးလေ။ လူတွေ ဆင်းရဲနေတာကသာ အဓိကပါပဲ။ ဆင်းရဲတယ် ဆိုတဲ့ အထဲမှာလည်း ပိုက်ဆံ ဆင်းရဲတာ အပါအဝင် ၊ အသိပညာ ဆင်းရဲမှုကလည်း အကျုံးဝင်နေပါလိမ့်မယ်။


လေးစားစွာဖြင့်
ကိုဇော် ( 26-Apr-2012 )

.

Share/Bookmark

03 April 2012

3 ရွာပြင်မှ နရီကျသော စည်းနဲ့ဝါး


ရွာပြင်မှ နရီကျသော စည်းနဲ့ဝါး

ဟိုးက . . .
ရွာအပြင်မှာ ငါ နေဖို့ . . .
ခပ်ယိုင်ယိုင် တဲတစ်လုံးထိုးထားတယ်။
ကိစ္စ မရှိပါဘူး . . .
ညနေညခင်း ကြယ်စင်တွေ အလင်းမှာ
မြက်သင်ဖြူးကို ကျောခင်းပြီး
ငါ မော့ကြည့်နေမယ်။
အဲဒီ့အချိန်မှာ . . .
ညလေသင်းသင်းက ငါ့ကို ပွေ့ဖက်နမ်းနေမယ်။
တစ်ယောက်တည်းပေမဲ့ ကောင်းကင်က မိုးထားပြီး
မြေပြင်က ငါ့ကို ရွက်ထားလိမ့်မယ်။
ဟိုးအဝေးက ပုရစ်အော်သံ သဲ့သဲ့ကိုလည်း ကြားရနိုင်လိမ့်မယ်။
ဒါဆိုရင် . . .
ငါ့ရဲ့ ရင်ထဲက
အလွမ်းတွေ တဟုန်ထိုး မြုံနေလိမ့်ဦးမယ်။
တိတ်တိတ်ဆိတ်ဆိတ် လွမ်းရတာကို
တစ်ခါတလေ ပိုခုံမင်တယ်။
ရှု့မြင်လိုက်ရတဲ့ ကောင်းကင် တခွင်လုံးကလည်း
ဖျောက်ဆိတ်တွေနဲ့ အပြည့်. . .
တစ်ယောက်ဆိုတိုင်း အထီးကျန်တာ မဟုတ်ဘူး။
အတွေးများနဲ့ ရှင်သန်နေနိုင်သမျှ
ငါ့မှာ နေ့ရက်တွေ ရှိသေးတယ်။
တိုက်ခန်းတွင်းက အဲယားကွန်းလေငွေ့ အေးအေးစက်စက်ကြားမှာ
ငြီးစီစီ ဖြစ်လာတဲ့ တစ်နေ့ . . . 
မင်းလည်း . . .
ငါ့ရဲ့ ရွာပြင်က ဇရပ်လေးကို
တမ်း . . တ . . . လာ . . . မိနေလိမ့်မယ်။

ကိုဇော် - ( 3-Apr-2012 )




Share/Bookmark
Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.